အီးမေးလ်: burmeseexpert@shantranslation.com.mm | ဗိုက်ဘာ/ဝှက်အပ်စ်: +959422998084
Shan Translation
  • မူလ
  • ကျွန်ုပ်တို့အကြောင်း
    • ကြိုဆိုပါသည်
    • ထောက်ခံအကြံပြုချက်များ
    • ကျွန်ုပ်တို့၏ အဖွဲ့
  • ၀န်ဆောင်မှုများ
    • ဘာသာပြန်ခြင်း
    • စာပြန်ရေးခြင်း
    • စာတမ်းထိုးခြင်း
    • အကြောင်းအရာရေးသားခြင်း
    • စာစစ်ခြင်း
  • ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
  • ခန့်မှန်း ကုန်ကျစရိတ်

ကျွန်ုပ်တို့အကြောင်း

ရှန်းမြန်မာ မှ မင်္ဂလာရှိစေကြောင်း နှုတ်ခွန်းဆက်သပါသည်။

‘ရှန်း အုပ်စု’ ကုမ္ပဏီသည် ကုမ္ပဏီ၏ အားသာချက်၊ ဒေတာအချက်အလက်၊ ပြင်ပသူများအား ငှားရမ်းလုပ်ကိုင်ခြင်း၊ အဖွဲ့ နှင့် စာရင်းအင်းစသည်တို့ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီ အခြေစိုက် Ms. Ansh Intertade Pvt Ltd နှင့် ပူးပေါင်းလုပ်ဆောင်ပါသည်။ Ansh သည် ကမ္ဘာအနှံရှိ ဘာသာစကား၀န်ဆောင်မှုပေးသူများအား နည်းပညာအထောက်အပံ့များလည်း ပေးပါသေးသည်။ ပူးပေါင်းထားသော အုပ်စုသည် ကမ္ဘာပေါ်တွင် အကြီးဆုံး နှင့် အမြန်ဆုံးကြီးထွားနေသည့် ဘာသာစကား၀န်ဆောင်မှု ကုမ္ပဏီ ဖြစ်ပါသည်။
ဘာသာစကားအားလုံး၏ အလယ်ဗဟိုတွင် ရှိနေသဖြင့် ရှန်းအုပ်စုသည် စရိတ်အနည်းဆုံးဖြင့် အကောင်းဆုံး၀န်ဆောင်မှုကို ပေးနိုင်စေပါသည်။ အိန္ဒိယနိုင်ငံရှိ ရုံးချုပ်တွင် ဘာသာစကားအများအပြားအတွက် ၀န်ဆောင်မှုများပေးနေပြီး ရှန်းသည် ယခုအခါ ယူအေအီး၊ စင်ကာပူ၊ ရုရှား၊ အာမန်းနီးယား၊ ဂျာမနီ၊ အမေရိကန် နှင့် ယခု မြန်မာနိုင်ငံတို့တွင် အခြေစိုက်ကာ ၀န်ဆောင်မှုများပေးနေပါသည်။ ရှန်း အနေဖြင့် ဘာသာပြန်ခြင်း၊ စာပြန်ရေးခြင်း၊ စာတမ်းထိုးခြင်း၊ အကြောင်းအရာရေးသားခြင်း၊ ဒီဇိုင်း နှင့် ဒီဂျစ်တယ်နည်းဖြင့် ၀န်ဆောင်မှုပေးခြင်းတို့ကို ကမ္ဘာအနှံအပြားမှ ဖောက်သည် ၈၀၀ ကျော်အတွက် ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ အလုပ်အမျိုးအစားအနေဖြင့် အရိုးရှင်းဆုံးသော စာရွက်စာတမ်းမှ အထူးလျို့ဝှက်ထားရသည့် အစိုးရဆိုင်ရာ စာရွက်စာတမ်းများအထိ ၀န်ဆောင်မှုပေးလျက်ရှိနေပါသည်။

ရှန်း ကို ရွေးချယ်သင့်သည့် အကြောင်းရင်းများ

‘အမျိုးသမီးသီးသန့်’ ဖြစ်ပြီး အဖွဲ့၀င် ၄၀ ရှိခြင်း
တကမ္ဘာလုံးတွင် စျေးအနည်းဆုံးဖြစ်ခြင်း
ဘာသာစကားတွဲ ၂၂၀၀ ကျော်အထိ ၀န်ဆောင်မှုပေးနိုင်ခြင်း
ဘာသာစကားပြောင်းလဲမှု၀န်ဆောင်မှုများအတွက် တစ်နေရာတည်းတွင် လုပ်ဆောင်ပေးနိုင်ခြင်း
စျေးနှုန်းများအားလုံးကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီး သင့်တင်မျှတခြင်း
၀က်ဘ်ဆိုဒ်ပေါ်တွင် ကုန်ကျစရိတ်ကို တွက်ချက်နိုင်ခြင်း
စမ်းသပ်စစ်ဆေးထားပြီးသည့် ဘာသာစကားကျွမ်းကျင်သူ ၂၀၀၀ ကျော်ရှိခြင်း
နေ့စဉ် အလုပ်အကိုင်အသစ် ၇၀ ကျော်ကို ၀န်ဆောင်မှုပေးနေခြင်း
ဘာသာစကား ဗဟိုပြုဒေသများတွင် ရှိနေခြင်း
တစ်ပတ်လျှင် ၆ ရက်၊ ၂၄ နာရီပတ်လုံး ၀န်ဆောင်မှုပေးခြင်း
အလုပ်မပြီးမှုအတွက် ၃၀% ကို မိမိကိုယ်ကိုဒဏ်တပ်ခြင်း
ကမ္ဘာအနှံရှိ ကုမ္ပဏီပေါင်း ၈၀၀ ကျော်၏ ယုံကြည်မှုကို ရရှိထားခြင်း
အလုပ်ရရန် ဖောက်သည်၏ အမှတ်တံဆိပ်လိုဂိုကို ထုတ်ဖော်မပြခြင်း
အွန်လိုင်းတွင် စုံစမ်းမှုများကို ချက်ချင်းဖြေဆိုခြင်းနှင့် ဆွေးနွေးနိုင်ခြင်း
အမှာစာများကို စီမံခန့်ခွဲနိုင်ရန် ကိုယ်ပိုင် အွန်လိုင်းစနစ် ရှိခြင်း

ရှန်း ထက် ၀န်ဆောင်မှုပိုကောင်းသူ မရှိဟု ယုံကြည်သဖြင့် မိတ်ဆွေတို့၏ စုံစမ်းမေးမြန်းမှုများကို ကြိုဆိုပါသည်။

Estd. 2014. Copyright - Shan Translation Pte. Ltd. | Sitemap
WhatsApp chat