ရှန်း မြန်မာ
နိုင်ငံဆိုင်ရာ ကြီးကြပ်သူ၏ အမှာစာ

မင်္ဂလာပါလို့ အားလုံးကို နှုတ်ခွန်းဆက်သပါတယ်။
ကမ္ဘာ့အဆင့် ၀န်ဆောင်မှုကို အသင့်တင့်ဆုံးစျေးနှုန်းဖြင့် ၀န်ဆောင်မှုပေးပါရစေ။
ယခုလုပ်ငန်းတွင် ၁၀ နှစ်ကျော်လုပ်ကိုင်ခဲ့ပြီး ကမ္ဘာအနှံ့မှ ဖောက်သည် ၈၀၀ ကျော်၏ ယုံကြည်မှုကို ရခဲ့ကာ သင့်တင့်မျှတပြီး ပွင့်လင်းမြင်သာသည့် စျေးနှုန်း၊ အမြန်ဆုံး၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှုပေးနေပါသည်။
မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာသို့ တံခါးဖွင့်ခဲ့ပြီး ကူးသန်းရောင်း၀ယ်ရေးများကို စတင်လုပ်ဆောင်နေပြီဖြစ်ပါသည်။
ဘာသာစကားအမျိုးမျိုးဖြင့် ဘလော့ဂ်များ၊ ဆောင်းပါးများ၊ စာတမ်းများ နှင့် ၀က်ဘ်ဆိုဒ်များတွင် အကြောင်းအရာရေးသားခြင်းဖြင့် ကမ္ဘာအနှံ့ မိတ်ဆွေ၏ ကုန်ပစ္စည်းအကြောင်းကို ပိုမိုသိစေနိုင်ပါသည်။ မိတ်ဆွေ၏ ၀က်ဘ်ဆိုဒ်အား အခြားဘာသာစကားများဖြင့် ဖတ်နိုင်စေခြင်းဖြင့် ရည်ရွယ်ထားသည့်စျေးကွက်မှ ဖောက်သည်များ ပိုမိုရနိုင်ပါသည်။ စကန်ဖတ်ထားသော၊ ရိုက်ထားသော သို့မဟုတ် ကွန်ပြူတာပေါ်တွင် ထည့်သွင်းထားသော စာများအား ကျွန်ုပ်တို့က သိမ်းဆည်းရလွယ်ကူပြီး နောင်တွင် အလွယ်တကူကိုးကားနိုင်ရန်အတွက် ဒီဂျစ်တယ်နည်းဖြင့် သိမ်းဆည်းပေးထားနိုင်ပါသည်။ နေရာအများအပြားယူသည့် စာအုပ်များ၊ လက်ကိုင်စာအုပ်များ၊ မှတ်စုများ နှင့် မှတ်တမ်းဟောင်းများအား ဒီဂျစ်တယ်ပုံစံဖြင့် သိမ်းဆည်းထားနိုင်ပါသည်။ ယင်းသို့အားဖြင့် ယင်းဒေတာများအား အချိန်အကန့်အသတ်မဲ့ သိမ်းဆည်းထားနိုင်ပါသည်။
သံဃာများ၏ ကျမ်းဂန်များအား စာပြန်ရေးခြင်း နှင့် ရုပ်ရှင်ပေါ်တွင် စာတမ်းထိုးခြင်းများဖြင့် မြန်မာ့ဒေသတစ်ခုမှ အခြားတစ်ခုသို့မဟုတ် အခြားယဉ်ကျေးမှု မှ မြန်မာသို့ ထုတ်ဖော်ပြသနိုင်စေပါသည်။
ကျွန်ုပ်တို့၏ ရှန်း ဘာသာပြန် မြန်မာသည် ‘အမျိုးသမီးသီးသန့်’အဖွဲ့ဖြစ်ရသည်အတွက် ဂုဏ်ယူမိပါသည်။
‘အကောင်းဆုံးကို ရှာဖွေနေသည့်သင့်ကို ကျွန်ုပ်တို့ တားမြစ်မည်မဟုတ်ပါ’
မိတ်ဆွေအား ၀န်ဆောင်မှုပေးခွင့်ရရန် မျှော်လင့်လျက်
ခင်မင်ရင်းနှီးစွာဖြင့်

Mrs. Sangeeta